Health and Lifestyle

ကိုဗစ်ကာလအတွင်းမှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေလျော့ကြမလဲ။

အခုလို ကိုဗစ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးတာ၊ ‌ဒေါသထွက်တာ၊ ဝမ်းနည်းတာမျိုး ခဏခဏ ဖြစ်ကြတယ်မလား?

စိတ်မညစ်ကြနဲ့နော်။ ဒီလိုဖြစ်နေတာ တစ်ယောက်တည်းမဟုတ်ပါဘူး။ တော်တော်များများ ခံစားကြနေကြရတာပါ။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ဒါမျိုးလေးတွေ လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။

(၁) ပထမဆုံး ဆိုရှယ်မီဒီယာ လျှော့သုံးကြည့်စေချင်ပါတယ်။ အဲ့အစား ဝါသနာပါရာတစ်ခုခုကို လုပ်တာမျိုးလေး စမ်းလုပ်ကြည့်ကြည့်နော်။ ဥပမာ အပင်စိုက်တာမျိုးလေးတွေ၊ ဟင်းချက်တာမျိုးလေးတွေပေါ့။ ဝါသနာပါရာလေးတွေလုပ်နေရတဲ့အခါ စိတ်ထဲမှာ ပိုပျော်လာသလို ခံစားလာရပါလိမ့်မယ်။

(၂) ကိုယ်လေ့ကျင့်ခန်း များများလုပ်ပေးပါ။ ပြင်းပြင်းထန်ထန် မလုပ်နိုင်သေးရင်တောင်မှ သွေးပူလေ့ကျင့်ခန်းမျိုးလေးဖြစ်ဖြစ်၊ လမ်းလျှောက်ထွက်တာမျိုးဖြစ်ဖြစ်လေး လုပ်ကြည့်နော်။သို့မဟုတ် ယောဂလေ့ကျင့်ပါ စိတ်ပိုငြိမ်လာပါလိမ့်မယ်နော်။ ယောဂသင်တန်းလေးတွေကိုလည်း Flexible Pass မှာ လွယ်လွယ်ကူကူ ဘိုကင်တင်လို့ရနေပါပြီ။

(၃)အိပ်ရေးဝဝအိပ်ဖြစ်အောင် ကြိုးစားကြည့်နော်။ အိပ်ရေးမဝဘူးဆိုရင် စိတ်ဖိစီးမှုတွေ ပိုဖြစ်စေနိုင်လို့ပါ။ စိတ်ဖိစီးတဲ့အခါမျိုးမှာ အိပ်မပျော်တာမျိုးဖြစ်တတ်ပေမယ့် စိတ်အလိုမလိုက်ဘဲ အိပ်မပျော်ရင်တောင် မျက်လုံးလေးဖြစ်ဖြစ်မှိတ်ထားပြီး
အိပ်ပျော်အောင် ကြိုးစားကြည့်ပါ။ အိပ်ချိန်တစ်ခု သတ်မှတ်ပြီး အိပ်တာကလည်း ကျင့်သားရစေနိုင်ပါတယ်။

(၄)ရေများများသောက်ပေးပြီး အာဟာရပြည့်တဲ့အစားအစာတွေ စားပေးပါ။ ရေဓာတ်ပြည့်ဝနေဖို့ အ‌ရေးကြီးပါတယ်။

(၅) ဆိုရှယ်မီဒီယာမှာတွေ့သမျှ သတင်းတိုင်းမယုံပါနဲ့။ ယုံကြည်ရတဲ့ သတင်းမီဒီယာတွေကိုပဲ စောင့်ကြည့်ပြီးယုံပါနော်။

(၆)သူငယ်ချင်း မိတ်ဆွေတွေနဲ့ အပြင်ထွက်မလည်နိုင်သေးရင်တောင် သူတို့နဲ့ videocall ပြောတာမျိုး၊ ဖုန်းပြောတာမျိုးလေးတွေ လုပ်ပေးခြင်းက စိတ်ပေါ့ပါးစေပါတယ်နော်။

(၇)ပြီးတော့ စိတ်ညစ်တယ်ဆိုပြီး အရက်သောက်တာမျိုး၊ ဆေးလိပ်သောက်တာမျိုးတွေ မလုပ်ပါနဲ့နော်။ ခဏတာသာ မေ့ပြီးတော့ ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်လို့ပါ 😞

(၈)အရက်သောက်မယ့်အစား ယုံကြည်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို ရင်ဖွင့်ပြောကြည့်နော်။ ရင်ထဲမှာ နေရတာတော်တော်ပေါ့သွားပါလိမ့်မယ်။

(၉)ရင်ဖွင့်စရာလူမရှိဘူးဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ Counsellor တွေနဲ့ ရင်ဖွင့်စကားပြောကြည့်ဖို့ အကြံပေးချင်ပါတယ်ရှင်။

လူတစ်ယောက်က ခံစားချက်တွေကို တစ်ယောက်တည်း ကြိတ်ခံစားတာများလာတဲ့အခါ စိတ်ကျန်းမာရေးကို အရမ်းထိခိုက်စေပါတယ်။ စိတ်ကျန်းမာရေးဆိုတာကလည်း ကိုယ်ကျန်းမာရေးလိုမျိုးပဲ အရေးကြီးပါတာမို့ လျစ်လျူမရှုစေချင်ပါဘူး။ ဒါကြောင့် emotional support program မျိုး ရယူကြည့်စေချင်ပါတယ်။ တစ်ခါတစ်လေကျလေ ကိုယ့်ကိုမသိတဲ့သူတစ်ယောက်ကို လွတ်လွတ်လပ်လပ် ရင်ဖွင့်ပြောလိုက်တာ ပိုအကောင်းဆုံးပါပဲ။
အခုဆိုရင် ဒီလို emotional support program မျိုးကို Flexible Pass ကနေတဆင့် ယုံယုံ ကြည်ကြည်နဲ့ ဘိုကင်တင်လို့ရနေပါပြီနော်။ Flexible Pass ကိုတော့ အောက်ပါလင့်ခ်တွေကနေတဆင့်‌ ဒေါင်းလုပ် ရယူနိုင်ပါပြီနော်။

Android
https://bit.ly/2OqOc9J
iOS
https://apple.co/38VZnAQ

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝလေးတွေကို တူတူတည်ဆောက်ကြမယ်နော်။

BetterHealthyLifestyle #StayStrongTogether #FlexiblePass