Health and Lifestyle

5 Cool Mobile Apps for Your Healthier Lifestyle

အခုလို Stay Home ကာလမှာ အိမ်မှာနေရင်း ကျန်းမာတဲ့ ဘဝနေထိုင်မှုကိုတည်ဆောက်ချင်တဲ့သူတွေအတွက် Flexible Pass ကနေပြီး အသုံးဝင်တဲ့ Healthy lifestyle applications လေးတွေကို ညွှန်ပေးချင်ပါတယ်။ Stay Home ရင်း Application တွေကပေးတဲ့ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာအောင် နေထိုင်လို့ရတော့ အဆင်ပြေတာပေါ့နော်။

(၁) Fabulous
ဒီ အက်ပလီကေးရှင်းလေးက ပင်ပန်းလွယ်သူတွေ၊ ကိုယ်အလေးချိန်ကျလိုသူတွေ၊ အစားအသောက်ကို အချိန်မကျော်ဘဲ စားလိုသူတွေ၊ နောက် တခြား ကျန်းမာရေးပိုမိုကောင်းမွန်စေတဲ့
လှုပ်ရှားမှုသေးသေးလေးတွေကို ပေါ့ပေါ့ပါးပါးလေး လုပ်ချင်သူတွေအတွက် သင့်တော်ပါတယ်။ အမြဲတမ်းစာတိုလေးတွေပို့ပြီး အသိပေးနေမှာဆိုတော့ မေ့ပြီး မလုပ်မိလိုက်တာ မရှိတော့ဘူးပေါ့….။ ဥပမာ မနက်စာစားဖို့၊ မနက်ထဖို့၊ ရေသောက်ဖို့အတွက် Reminder မျိုးလေးတွေလည်း လုပ်လို့ရတယ်။
Android Download Link >> https://bit.ly/2Zmp2ii
iOS Download Link >> https://apple.co/3mg3rSL
(၂) TFitness
ကိုယ်အလေးချိန်လျှော့ချလိုသူတွေက ဒီ app လေးကို အသုံးပြုလို့ရပါတယ်။ မြန်မာလိုရေးသားထားတဲ့ လမ်းညွှန်ချက်တွေနဲ့အတူ ဗီဒီယိုထဲမှာပြထားတဲ့ ကိုယ်အနေအထားအတိုင်း
လိုက်လံကစားပေးပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်လိုက်ပါနော်။
Android Download Link >> https://bit.ly/2GHnB7z
iOS Download Link >>https://apple.co/2Fit0kW
(၃) Flexible Pass
Flexible Pass ကိုသုံးပြီး အိမ်ထဲကနေအိမ်ပြင်မထွက် supplements တွေ diet plan meals တွေ equipment တွေကို အော်ဒါမှာလို့ရပါတယ်။ နောက်ပြီး အခုဆိုရင် နာမည်ကြီး Instructor တွေရဲ့ online class တွေကိုလည်း တက်လို့ရပါသေးတယ်။ ဒါကြောင့် အိမ်မှာနေပြီး ကျန်းမာတဲ့ လူနေမှုပုံစံကို ပိုင်ဆိုင်နိုင်ပါတယ်။
Android Download Link >> https://bit.ly/2OqOc9J
iOS Download Link >> https://apple.co/38VZnAQ 
(၄) Moodpath
စိတ်ကျန်းမာရေးကလည်း ကိုယ်ကျန်းမာရေးကဲ့သို့ အလွန်အရေးကြီးပါတယ်။ ဝမ်းနည်းအားငယ်တာ ၊ စိတ်တိုဒေါသထွက်လွယ်တာ ၊ ထွက်ပေါက်မရှိဘဲ ပိတ်မိနေသလိုဖြစ်တာတွေ၊
နောက်ပြီး mental health ကို improve လုပ်လိုသူတွေအတွက် ဒီအက်ပလီကေးရှင်းလေးရှိပါတယ်။ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ ခံစားချက်တွေကို ပြန်လည်သုံးသပ်ပြီး ပျော်ရွှင်မှုကို ကိုယ့်ဘာသာ တည်ဆောက်ယူနိုင်ပါတယ်။
Android Download Link >> https://bit.ly/2RfG3WQ
iOS Download Link >> https://apple.co/33uehfl 
(၅) Headspace
တရားထိုင်တာ၊ ငြိမ့်ငြိမ့်ညောင်းညောင်း သီချင်းအေးအေးလေးတွေနဲ့ စိတ်ကို အေးမြအောင် လုပ်တာ စတဲ့ စိတ်ကို relax လုပ်ပေးဖို့ အကူအညီပေးနိုင်တဲ့ အက်ပလီကေးရှင်းလေးကတော့ Headspace ဖြစ်ပါတယ်။
ဒါတင်မကသေး စိတ်ဖိစီးလာရင် ဘယ်လိုဖြေလျှော့ရမလဲ ဆိုတာလေးတွေ၊ နောက်တခြား စိတ်ကိုပိုမို အေးချမ်းအောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေလဲ ဒီအက်ပလီကေးရှင်းလေးကနေတဆင့် သိရှိနိုင်ပါတယ်။
Android Download Link >> https://bit.ly/3m8jbqQ 
iOS Download Link >> https://apple.co/3bGyJgC
Stay Safe, everyone! အားလုံးပဲ ကျန်းမာပျော်ရွှင်နိုင်ကြပါစေနော် ❤️