အိမ်မှာနေပြီး work out လုပ်ဖို့တော့ကြံပြီးပြီ အဓိကလိုအပ်တဲ့ အားကစားဝတ်စုံ မဝယ်ရသေးဘူးဆိုပြီး အကြပ်ရိုက်နေရင်တော့ Flexible Pass ကနေ အကောင်းဆုံး ဝယ်ပုံဝယ်နည်းလေးတွေပြောပြပေးချင်ပါတယ်။
Size သေချာတိုင်းပါ။
ကိုယ်မှာချပ်ကပ်ပြီးနေမယ့် အဝတ်အစားတစ်ခုက ကိုယ်နဲ့မတော်ရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူးနော်။ နောက်ပြီး အားစကားဝတ်စုံက ပိုပြီးကိုယ်မှာကပ်နေမှာဆိုတော့ အတိုင်းအတာလေးကို သေချာလေး ပေကြိုးနဲ့တိုင်းပြီးမှ ဝယ်တာ အဆင်ပြေပါမယ်။
အသားကောင်းမကောင်း ရွေးဝယ်ပါ။
အားကစားလုပ်နေတဲ့ချိန် ချွေးတလုံးလုံးနဲ့ အပူတွေလုံးနေရင် နေထိုင်မကောင်းဖြစ်နိုင်တယ်။ ဆိုတော့ လေဝင်လေထွက်လဲကောင်းပြီး အပူကို စုပ်ယူမထားတဲ့ အသားနဲ့ချုပ်တဲ့ ဝတ်စုံတွေက ပိုပြီးသင့်တော်ပါတယ်။
ကွာလတီကောင်းတဲ့ legging ကိုရွေးပါ။
ဈေးသက်သက်သာသာနဲ့ ရလာတဲ့ legging နဲ့အားကစားတကြိမ်လုပ်ပြီး ပြဲသွားတာမျိုး ဒါမှမဟုတ် အသားပါးလှပ်လွန်းတော့ ဖောက်ထွင်းမြင်နေရတာမျိုး ဖြစ်နိုင်ပါတယ်။ ကွာလတီကောင်းတဲ့ legging တွေက ကိုယ်ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် အားကစားလုပ်နေပါစေ အနားမှာ အမြဲစိတ်ချလက်ချ ရှိနေပေးနိုင်ပါတယ်။
High-waisted tights
High-waisted tights က အားကစားလုပ်တဲ့အခါပိုပြီး ယုံကြည်မှုကိုတိုးစေပါတယ်။ ခါးအထက်နားထိရောက်တဲ့ ဘောင်းဘီတွေက ကိုယ့်ရဲ့ ခြေတံတွေကိုသွယ်လျရှည်လျားသွားစေပြီး အရပ်ရှည်တယ်ဆိုတဲ့ ယုံကြည်မှုရစေပါတယ်နော်။
ကိုယ်လုပ်မယ့် အားကစားအမျိုးအစားကို စဉ်းစားပြီးမှ ဝယ်ယူပါ။
Yoga ပဲလုပ်မယ်ဆုံးဖြတ်ထားတဲ့သူတွေအတွက် ချစ်စရာကောင်းတဲ့ Strappy top လေးက သင့်တော်နိုင်ပေမယ့် ပြင်းပြင်းထန်ထန် အားကစားလုပ်မယ့်အရာတွေအတွက်တော့ လုံလုံလောက်လောက် stretch မလုပ်နိုင်ပါဘူး။ သေချာလေး ပြုလုပ်မယ့်အရာကို စဉ်းစားပြီး မှဝယ်တာ အကောင်းဆုံးပါနော်။
Flexible Pass မှာ အရည်အသွေးကောင်းတဲ့ active wear တွေကို 18,500 MMK ကနေ စတင်ဝယ်ယူနိုင်ပါတယ်။ နောက်ပြီး အခုမှ စလေ့ကျင့်ခန်းလုပ်မယ့်လူတွေ ဘယ်က စလုပ်ရမှန်းမသိဘူးဆိုရင် တော့ ဒီ webinar https://www.facebook.com/flexiblepass/videos/620599478581277 လေးကိုကြည့်ပြီး လေ့လာနိုင်တယ်နော်။ Flexible Pass application မရှိသေးဘူးဆိုရင် အောက်ပါအတိုင်း download ရယူထားနိုင်ပါတယ်။
Android>https://bit.ly/2OqOc9J
iOS > https://apple.co/38VZnAQ