Corporate

banner

PROGRAM BENEFITS

OUR CORPORATES

about-photo

စတင်တည်ထောင်ခဲ့ပုံ

Start-up လုပ်ငန်းတွေအတွက်ရည်ရွယ်ထားတဲ့Phandeeyarမှတဆင့် ရန်ကုန်မြို့မှာ အကြီးမားဆုံးဖြစ်တဲ့ Founder Institute Program ကနေ ဘွဲ့ရခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လမှာ Flexible Pass ကို စတင်တည်ထောင်ခဲ့သူ Ko Sully ဟာ ၂၀၁၇ ခုနှစ် ဇွန်လမှာ ‌Flexible Pass ကို စျေးကွက်ထဲမှာ တရားဝင်စတင်မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က စတင်ခဲ့ပြီး ခုချိန်မှာဆိုရင် Flexible Pass မှာ ဝန်ထမ်းအဖွဲ့ဝင်ပေါင်း ၁၆ ယောက်အထိ များလာပြီး ကုမ္မဏီအနေနဲ့လည်း မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၀ မြို့ရဲ့ တည်နေရာပေါင်း ၂၀၀ ကျော်မှာ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ activity ပေါင်း ၃၀ ကျော်ကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။ Flexible Pass ဟာကုမ္မဏီတွေအနေနဲ့ ၄င်းတို့ရဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် Flexible Pass ကနေ point တွေ ဝယ်ထည့်ပေးနိုင်မယ့် corporate wellness program ကို မကြာသေးခင် လအနည်းငယ်ကပဲ မိတ်ဆက်ပေးခဲ့ပါတယ်။

Flexible Pass ကိုအသုံးပြုခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

အမှန်တကယ်အသုံးပြုမှသာ ငွေပေးချေရတဲ့စနစ်

ဝန်ထမ်းတွေ တကယ်လက်တွေ့ အသုံးပြုတဲ့အခါမှသာ ငွေပေးချေရတာဖြစ်တဲ့အတွက် မသုံးရသေးတဲ့ point တွေအတွက် ပိုက်ဆံကုန်မှာ စိုးရိမ်စရာမလိုပါဘူး

Activity တွေကို အဖွဲ့လိုက်လုပ်နိုင်ပါတယ်။

အဖွဲ့သားတွေ ပြောဆိုဆက်ဆံရေး ပိုမိုကောင်းမွန်လာစေဖို့နဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုတွေ တိုးတက်စေဖို့အတွက်တည်နေရာပေါင်း ၁၈၀ ကျော်မှာရှိတဲ့ ကဏ္ဍပေါင်း ၃၀ ကျော်ကနေ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် activity တွေကို အဖွဲ့လိုက်လုပ်ဖို့ Flexible Pass ကို အသုံးပြုလိုက်ပါ။

ကျွန်ူပ်တို့ရဲ့ wellness program

ကျွန်ူပ်တို့ရဲ့ corporate wellness program ကို ကုမ္မဏီများအနေနဲ့ ဝယ်ယူပြီး ဝန်ထမ်းတွေကို အကျိုးခံစားခွင့် အစီအစဥ်တစ်ခုအနေနဲ့ point တွေပေးနိုင်ပါတယ်။ ဝန်ထမ်း ၁၀ ယောက်ကနေစတင်ပြီး ဝန်ထမ်းပေါင်း ရာချီအထိ စီစဥ်ပေးနိုင်တဲ့အတွက်ကြောင့် သင့်ရဲ့ ကုမ္မဏီအရွယ်အစား ကြီးကြီးသေးသေး ကျွန်ူပ်တို့ရဲ့ corporate wellness program ကို အသုံးပြုနိုင်ပါတယ်။

 

Gym and Fitness Classes

Team Building Activities

ကုမ္မဏီဝန်ထမ်းများအားလုံးအတွက် Flexible Pass account ဖွင့်ပေးခြင်း

သင့်ကုမ္မဏီရှိ ဝန်ထမ်းအရေအတွက်ကို ပြောလိုက်ရုံနဲ့ ကျွန်ူပ်တို့ဘက်ကနေ ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် Flexible Pass account တွေ ဖွင့်ပေးမှာဖြစ်ပြီး အသုံးပြုပုံနည်းလမ်းတွေကိုပါ စနစ်တကျ ညွှန်ပြပေးမှာပါ။

ဝန်ထမ်းအားလုံးရဲ့ point အသုံးပြုနှုန်းကို စာရင်းရယူနိုင်ခြင်း

ဝန်ထမ်းတွေရဲ့ Flexible Pass အသုံးပြုနှုန်းစာရင်းကို သင့်ကုမ္မဏီရဲ့ HR ဌာနကို ၂ပတ်တစ်ခါ (သို့) ၁လတစ်ခါ အစီရင်စာပို့ပေးမှာ ဖြစ်တာကြောင့် စာရင်းအားလုံးကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါတယ်။

ဝန်ထမ်းတွေရဲ့ ရာထူးအလိုက် point တွေကို စိတ်ကြိုက်သတ်မှတ်ပေးနိုင်ခြင်း

ကုမ္မဏီအနေနဲ့ မိမိစိတ်ကြိုက် ဝန်ထမ်းတစ်ယောက်ချင်းစီကို point သတ်မှတ်ပေးလို့ရပါတယ်။

ရုံးဝန်ထမ်းများအတွက် zumbaနဲ့ yoga အတန်းများ သီးသန့်တက်ရောက်နိုင်ပါတယ်။

သင့်ရုံးဝန်ထမ်းများအတွက် အထူးသီးသန့် zumbaနဲ့ yoga အတန်းများကို ရုံးမှာပဲဖြစ်စေ၊ Yoga studio မှာပဲ ဖြစ်စေ သီးသန့်တက်ရောက်နိုင်ဖို့ စီစဥ်ပေးပါတယ်။

Our Corporate Clients