Aesthetique

Glam

အာလုံးပဲသိကြတဲ့အတိုင်း အခုဆိုရင် Flexible Pass မှာ fitness အပြင် lifestyle နဲ့ပက်သက်တဲ့ category တွေ အပန်းဖြေစရာနေရာအသစ်တွေပါ ထပ်တိုးလိုက်ပြီဖြစ်ပါတယ်။ ဒီလို activity အသစ်တွေကို အသေးစိတ် သိရှိနိုင်အောင် ခုချိန်ကစပြီး review လုပ်ပေးသွားမှာ ဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ Flexible Pass ရဲ့ မကြာခင်က ထပ်တိုးလိုက်တဲ့ Aesthetique clinic တွေထဲက Partner အသစ်ဖြစ်တဲ့ GLAM Aesthetiqueမှာ treatment လုပ်ဖြစ်ပုံ review လေးကို မျှဝေပေးချင်ပါတယ်။ အလုပ်တွေများပြီး stress ပိပြီး ဝက်ခြံတွေထိန်းမနိုင်ဖြစ်နေတာနဲ့ အားလပ်ရက်မှာ GLAM Aesthetiqueကို သွားဖြစ်ခဲ့တယ်။ ထင်မှတ်မထားတဲ့ ရလဒ်တွေ သိသိသာသာ တွေ့လိုက်ရလို့ တကယ်ကိုကျေနပ်မိတဲ့အတွက် review လေး မျှဝေပေးချင်ပါတယ်။

အဓိကသဘောကျမိတာကတော့ Doctor က admin ရဲ့ skin type ကို သေချာလေ့လာပြီးမှ လိုအပ်တဲ့ treatment လုပ်ပုံအဆင့်ဆင့်ကို အသေးစိတ် ရှင်းပြပေးတာပါပဲ.. ဒီလိုရှင်းပြပေးတဲ့အတွက် first time treatment ယူသူတွေအတွက်ပါ အဆင်ပြေတာပေါ့နော်။ admin ယူခဲ့တဲ့ IPL Treatment လေးမှာဆိုရင် ပထမဦးဆုံးအနေနဲ့ Step 1 မှာ Make up remover နဲ့ clean လုပ်ပေးတယ် Step 2 မှာ Cleansing milk နဲ့သန့်စင်ပေးတယ် Step 3 မှာ Peel cleanser gel နဲ့ ထပ်ပြီးသန့်စင်ပေးပါတယ် Step 4 မှာတော့ tonic water လေးနဲ့ နှာခေါင်းကိုအုပ်ပေးတယ်.. သူကနှာခေါင်းမှာရှိတဲ့ ဆားဝက်ခြံတွေကို ပွင့်ထွက်လာအောင် လုပ်ပေးပါတယ် Step 5 မှာတော့ ရေနွေးငွေ့စက်နဲ့ ပေါင်းတင်ပေးပါတယ်ရေနွေးငွေ့ပေးတဲ့အခါမှာ ozone ဓာတ်ငွေ့ပါလို့ အသားအရေ‌‌ခြောက်သွေ့တာမျိုး မရှိဘဲ အစိုဓာတ်ကို ထိန်းပေးထားနိုင်တယ် Step 6 မှာ skin scrubber လေးနဲ့ အသားအရေအနက်ရှိုင်းဆုံးမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတယ် Step 7 မှာ ဆားဝက်ခြံစုပ်စက်နဲ့ ဆားဝက်ခြံတွေကို စုပ်ထုတ်ပေးသေးတယ် breakout ရှိရင် ညှစ်ပေးတယ် ကျန်နေတဲ့ ဆားဝက်ခြံတွေကိုလည်း ထပ်ညှစ်ပေးပါတယ်ပြီးရင်တော့ IPL စပစ်ပါပြီ ပစ်တဲ့အချိန်မှာ light ပါတဲ့အတွက် မျက်လုံးကိုတော့ အုပ်ထားရတယ်။ Gel လေးလိမ်းတယ် ပြီးတော့ရေခဲကပ် ပြီးမှ ပစ်တာမလို့ အရမ်းနာတတ်တဲ့သူဆိုမှသာ နည်းနည်းလေးစပ်ဖျင်းဖျင်း ဖြစ်တာပါ။ ပစ်ချိန်ကတော့ မိနစ် ၂၀ ကနေ ၃၀ အထိကြာပါတယ်။

IPL treatment လုပ်ပြီးချိန်မှာ သတိထားမိတာကတော့ အမဲစက်နဲ့ဝက်ခြံတွေကို အချိန်တိုအတွင်း သိသိသာသာ သက်သာသွားပြီး အသားအရေကြည်ကြည်စိုစိုလေးဖြစ်နေတာပါပဲ admin လိုပဲ ဝက်ခြံဖြစ်လွယ်တဲ့ skin type အတွက် IPL treatment က အရမ်းကိုအဆင်ပြေပါတယ်။ အခုဆိုရင် skin လေး စိုစိုအိအိနဲ့ makeup လိမ်းတဲ့အခါ flawless look ရစေလို့ ဒီ treatment လေးကို confidence တိုးစေတဲ့အတွက် ဒီ treatment လေးကို တကယ် သဘောကျနေမိပါပြီ နောက်ပြီး GLAM Aesthetiqueရဲ့ ဖော်ရွေတဲ့ ဝန်ထမ်းတွေကြောင့် စိတ်ကျေနပ်မှုအပြည့်အဝ ရခဲ့တယ်လေ.. GLAM Aesthetiqueမှာ IPL treatment အပြင် chemical peeling, classical facial treatment, pregnancy revive စတဲ့ treatment တွေလည်း လုပ်နိုင်ပါတယ်။ကဲ ဒါကြောင့် ဝန်ဆောင်မှုကောင်းပြီး effective ဖြစ်တဲ့ treatment လုပ်နိုင်ဖို့ GLAM Aesthetiqueကို Flexible Pass ကနေ booking လုပ်လို့ရ‌အောင် မျှဝေပေးလိုက်ပါတယ်။ ကိုယ့်အားလပ်ချိန်မှာ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် နေရာအသစ်အသစ်တွေကို Flexible Pass ကနေ သွားရောက်နိုင်အောင် နောက်ကိုလည်း review လုပ်ပေးသွားမှာ ဖြစ်လို့ stay tuned နော်။ #FlexiblePass #GLAMAesthetique #IPLTreatment