ကိုဗစ်ကာလအတွင်းမှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေလျော့ကြမလဲ။

Posted on

အခုလို ကိုဗစ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးတာ၊ ‌ဒေါသထွက်တာ၊ ဝမ်းနည်းတာမျိုး ခဏခဏ ဖြစ်ကြတယ်မလား? စိတ်မညစ်ကြနဲ့နော်။ ဒီလိုဖြစ်နေတာ တစ်ယောက်တည်းမဟုတ်ပါဘူး။ တော်တော်များများ ခံစားကြနေကြရတာပါ။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ဒါမျိုးလေးတွေ လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။ (၁) ပထမဆုံး ဆိုရှယ်မီဒီယာ လျှော့သုံးကြည့်စေချင်ပါတယ်။ အဲ့အစား ဝါသနာပါရာတစ်ခုခုကို လုပ်တာမျိုးလေး စမ်းလုပ်ကြည့်ကြည့်နော်။ ဥပမာ အပင်စိုက်တာမျိုးလေးတွေ၊ ဟင်းချက်တာမျိုးလေးတွေပေါ့။ ဝါသနာပါရာလေးတွေလုပ်နေရတဲ့အခါ စိတ်ထဲမှာ ပိုပျော်လာသလို ခံစားလာရပါလိမ့်မယ်။ (၂) ကိုယ်လေ့ကျင့်ခန်း များများလုပ်ပေးပါ။ ပြင်းပြင်းထန်ထန် မလုပ်နိုင်သေးရင်တောင်မှ သွေးပူလေ့ကျင့်ခန်းမျိုးလေးဖြစ်ဖြစ်၊ လမ်းလျှောက်ထွက်တာမျိုးဖြစ်ဖြစ်လေး လုပ်ကြည့်နော်။သို့မဟုတ် ယောဂလေ့ကျင့်ပါ စိတ်ပိုငြိမ်လာပါလိမ့်မယ်နော်။ ယောဂသင်တန်းလေးတွေကိုလည်း Flexible Pass မှာ လွယ်လွယ်ကူကူ ဘိုကင်တင်လို့ရနေပါပြီ။ (၃)အိပ်ရေးဝဝအိပ်ဖြစ်အောင် ကြိုးစားကြည့်နော်။ အိပ်ရေးမဝဘူးဆိုရင် စိတ်ဖိစီးမှုတွေ ပိုဖြစ်စေနိုင်လို့ပါ။ စိတ်ဖိစီးတဲ့အခါမျိုးမှာ အိပ်မပျော်တာမျိုးဖြစ်တတ်ပေမယ့်…